MusiBurma app အသုံးပြပုံလေးကို အောက်မှာအဆင့်ဆင့်ပြောပြပေးထားပါတယ်။
သီချင်းရှာနည်း
အပေါ်က search bar ကိုနှိပ်ပြီး ကိုယ်ရှာလိုတဲ့သီချင်းကို ရိုက်ရှာနိုင်ပါတယ်။
Key ပြောင်းနည်း
Key ပြောင်းလိုပါက control ကိုအရင်နှိပ်ပါ။ Key တင်လိုပါက ပုံပါအတိုင်း အပေါင်းလက္ခဏာ (+) ကိုနှိပ်၍တင်နိုင်ပြီး key ချလိုပါက အနှုတ်လက္ခဏာ (-) ကိုနှိပ်၍ ချနိုင်ပါတယ်။
Capo တပ်နည်း
Capo နှင့်တီးလိုပါက control ကိုအရင်နှိပ်ပါ။ Capo ဆိုသောစာလေးကိာနှိပ်ပါ။ အောက်တွင် capo တပ်ရမည့်နေရာကို စာဖြင့်ပြပါလိမ့်မည်။ (ဥပမာ - Capo at 1st fret)
Auto-scroll လုပ်နည်း
သီချင်းတီးနေတုန်း လက်နဲ့ရွှေ့စရာမလိုပဲတီးလို့ရအောင် auto-scroll ဖွင့်နိုင်ပါတယ်။ Auto-scroll လုပ်ရန် control ကိုနှိပ်ပါ။ control တွင်ပုံပါအတိုင်း play ခလုတ်ကိုနှိပ်ပြီး ဖွင့်နိုင်ပါတယ်။ အနှေးအမြန်ကို +,- နှိပ်ပြီးပြောင်းလဲနိုင်ပါတယ်။
#/b ( sharp/flat ) ပြောင်းနည်း
#(sharp) နဲ့ကြည့်လိုပါက သို့မဟုတ် b(flat) နဲ့ကြည့်လိုပါက Control ကိုဖွင့်ပြီး ကိုယ်ကြည့်လိုရာပြောင်းနိုင်ပါတယ်။
စာသား size ပြောင်းနည်း
စာသားအရွယ်အစားပြောင်းလိုပါက control ကိုအရင်နှိပ်ပါ။ စာသားကြီးလိုပါက (+) ကိုနှိပ်နိုင်ပြီး သေးလိုပါ (-) ကိုနှိပ်၍သေးနိုင်ပါတယ်။
စာသား compact(ကြုံ့)နည်း
သီချင်းစာသားများကို compact(ကြုံ့)ချင်ရင် Control ကိုဖွင့်ပြီး compact ဆိုတာလေးကိုနှိပ်ပြီးလုပ်နိုင်ပါတယ်။
ဒေါင်းလော့လုပ်နည်း
သီချင်းများကိုဒေါင်းလော့ချင်ပါက play along ခလုတ်ဘေးရှိ ဒေါင်းလော့ခလုတ်ကိုနှိပ်ပြီး ဒေါင်းလော့လုပ်နိုင်ပါတယ်။
ဒေါင်းလော့ထားတာကိုပြန်ကြည့်နည်း
ကိုယ်ဒေါင်းလော့လုပ်ထားသောသီချင်းများကို ပြန်ကြည့်လိုပါက ပထမဆုံး Others သို့သွားပါ။ Others သို့ရောက်ပါက Downloadeds ကိုနှိပ်ပါ။ အထဲမှာ ကိုယ်ဒေါင်းလော့လုပ်ထားသောသီချင်းများကို မြင်နိုင်ပါပြီ။
သီချင်းတောင်းဆိုနည်း
သီချင်းတောင်းဆိုလိုပါက ပထမဆုံး Others ကိုနှိပ်ပါ။ Others မှ Request Song ကိုထပ်နှိပ်ပါ။ Form ထဲတွင် ကိုယ်တောင်းဆိုလိုသော သီချင်းနာမည်၊ အဆိုတော်နာမည်၊ မိမိ၏အီးမေးလ်(သီချင်းထည့်ပြီးတာပြန်သိလိုရင်)၊ အခြားထပ်မံထည့်သွင်းချင်သောအချက်အလက်များ(ဥပမာ - အယ်လ်ဘမ်နာမည်) များဖြည့်သွင်းပြီး တောင်းဆိုနိုင်ပါတယ်။
တေးရေးကြည့်နည်း
တေးရေးများကိုကြည့်လိုပါက ပထမဆုံး Other ကိုနှိပ်ပါ။ Other မှ Composer ကိုထပ်နှိပ်ပါ။ Composer page မှာ တေးရေးများကို အကုန်ကြည့်နိုင်ပါပြီ။
Collection ကြည့်နည်း
Collection(တေးစု) များကိုကြည့်လိုပါက Others ကိုအရင်နှိပ်ပါ။ ပြီးနောက် Collections ကိုနှိပ်ပါ။ Collections ထဲမှာကိုယ်လိုရာ သီချင်းများကို တူရာစုပေးထားတာ အကုန်ဝင်ကြည့်ပြီးတီးနိုင်ပါတယ်။














